GUSTO Innovation Awards and Forum 2019
GUSTO Innovation Awards and Forum 2019

GUSTO Univerisity နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆန်းသစ်သော တီထွင်ဖန်တီးမှုများကို အားပေးမြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် GUSTO Innovation Awards and Forum ပွဲကြီးကို ၂၀၁၉ ခုနှစ် ဇွန်လ ၈ ရက် စနေနေ့ နံနက် ၈ နာရီခွဲမှန့လည် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel , Myanmar Ballroom တွင်ကျင်းပခဲ့ပါတယ်။ ယနေ့ခေတ်လိုမျိုး နိုင်ငံတကာနှင့်ယှဉ်ပြိုင်ပြီး အပြိုင်အဆိုင်များလာတဲ့ အခြေအနေမျိုးမှာ Globalization ရဲ့သက်ရောက်မှုကြောင့်ဖြစ်စေ ၊ လျင်မြန်ဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာကြောင့်ဖြစ်စေ၊ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံတကာမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်လာရပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တစ်ဦးချင်းစီဖြစ်စေ ၊ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတစ်ခုချင်းအနေနဲ့ဖြစ်စေ ၊ နိုင်ငံအနေနဲ့ဖြစ်စေ ကမ္ဘာပေါ်မှာရှိနေတဲ့ အခြားအဖွဲ့အစည်း အခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ဆိုရင်​မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်တွေ စီးပွားရေးအဖွဲ့အစည်းတွေ နိုင်ငံကိုယ်တိုင်ကအစ အများနှင့်မတူသော ဆန်းသစ်တီထွင်နိုင်စွမ်း ဖန်တီးနိုင်စွမ်းများ ရှိဖို့လိုအပ်လာပါပြီ။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖန်တီးနိုင်စွမ်းအားကို အားပေးမြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် GUSTO university နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့ ပူးပေါင်းပီး ပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီပွဲမှာ GUSTO ကျောင်းသားကျောင်းသူတွေရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာတီထွင်မှုတွေကို လေ့လာနိုင်မယ့် အပြင် ယနေ့ခေတ် Innovation ရဲ့ အရေးပါပုံ၊ တီထွင်ဉာဏ်ကြောင့် ​ အောင်မြင်မှုပန်းတိုင်ကို ပိုမိုလျှင်မြန်စွာရာက်ရှိနိုင်ပုံ စသော အကြောင်းအရာတွေကို နည်းပညာနှင့် စီးပွားရေးနယ်ပါယ်များမှအောင်မြင်သူတွေက ဝေမျှဟောပြောပေးခဲ့ပါတယ်။ ထိုပွဲအခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့်ကျင်းပခဲ့ပြီး ပထမပိုင်းအစီအစဉ်တွင် GUSTO ကျောင်းသားကျောင်းသူတွေရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးထားတဲ့ နည်းပညာတီထွင်မှုတွေကို လေ့လာနိုင်မှာဖြစ်ပြီး ဒုတိယပိုင်းအစီအစဉ်တွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှ Innovation and Entrepreneurship ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ 7Days News Media & Information Matrix မှ CEO ဦးသောင်းစုငြိမ်းမှ 2020: Innovate or Die ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Mandalay Technology ရဲ့ CEO & Managing Director ဒေါက်တာဇော်နိုင်က Managerial and Leadership Qualities, Competencies and Skills for 21 st century leaders of Innovative Organizations ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောပြသွားခဲ့ပါတယ်။

Read More
Google မှ နည်းပညာရှင်များ GUSTO University သို့လာရောက်၍ ကျောင်းသူကျောင်းသားများနှင့်တွေ့ဆုံဆွေးနွေး
Google မှ နည်းပညာရှင်များ GUSTO University သို့လာရောက်၍ ကျောင်းသူကျောင်းသားများနှင့်တွေ့ဆုံဆွေးနွေး

GUSTO ကျောင်းသူကျောင်းသားလူငယ်များ အနေဖြင့် နည်းပညာဗဟုသုတများ တိုးပွား၍ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန်၊ စိတ်ဓာတ်တက်ကြွပြီး သင်ယူမှုတွင် ပိုမိုပျော်မွေ့လာစေရန် အတွက် Google မှ နည်းပညာရှင်များနဲ့ တွေ့ဆုံပြီး နည်းပညာများ ဖလှယ်ခဲ့ကြပါတယ်။ IT နဲ့ပက်သက်ပြီး သိလိုသမျှအကြောင်းစုံကို World-Class Professional တွေဆီကနေ လေ့လာမေးမြန်းလို့ရခဲ့တဲ့အတွက် GUSTO ကျောင်းသားကျောင်းသူတွေအတွက် ရတောင့်ရခဲအခွင့်အရေးတစ်ရပ်ပါပဲ။ GUSTO University အနေနဲ့ ကျောင်းသားကျောင်းသူတွေအတွက် အမြင့်မားဆုံး ပညာရေး သာမက နိုင်ငံတကာ အတွေ့အကြုံဗဟုသုတတွေ တိုးပွားလာစေမယ့် သင်ယူမှုအတွေ့အကြုံတွေ ရအောင်ပါ ဆောင်ရွက်လျက်ရှိပါတယ်။  

Read More
မောင်မယ်တို့ဆင်နွှဲ GUSTO သနပ်ခါးသင်္ကြန်ပွဲ
မောင်မယ်တို့ဆင်နွှဲ GUSTO သနပ်ခါးသင်္ကြန်ပွဲ

GUSTO University (ပြည်လမ်း Campus) မှာ မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်သော အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ မြန်မာ့ယိမ်းအကအလှများ၊ သံချပ်များ၊ ပြဇာတ်များဖြင့် အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုများ၊စတုဒိသာ ကျွေးမွေးမှုများဖြင့် ချစ်စရာကောင်းသော မြန်မာတို့၏ဓလေ့များကို ပေါ်လွင်စေခဲ့ပါတယ်။  

Read More
ဆယ်တန်း သို့မဟုတ် IGCSE ဖြေဆိုထားသူများအတွက် University Foundation Programme ( Computing )
ဆယ်တန်း သို့မဟုတ် IGCSE ဖြေဆိုထားသူများအတွက် University Foundation Programme ( Computing )

တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ IGCSE ဖြေဆိုထားသူများတက်ရောက်သင့်သည့် University Foundation Programs အား ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် တန်းခွဲသစ်ဖွင့်လှစ်မှာ ဖြစ်ပါသည်။

 

 

Read More
International Girls in ICT Day အခမ်းအနား
International Girls in ICT Day အခမ်းအနား

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ကြီးမှူးကျင်းပသည့် International Girls in ICT Day အခမ်းအနားကို ၂၀၁၉၊ ဧပြီလ (၂၅)ရက်နေ့က MICT Park ရှိ Kanaung Hub တွင် ကျင်းပခဲ့ပါသည်။

Read More