Call Us: +959 429 991 009, + 959 789 888 222
ကြေညာချက်ထုတ်ပြန်ခြင်း
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန (MoE) မှ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကတက္ကသိုလ်များ အားလုံးကို အဆင့်မြင့်ပညာရေးကျောင်းအဖြစ် လုပ်ကိုင်ခွင့်ပြုသည့် ပထမဆုံးအသုတ်တွင် GUSTO University ပါဝင်ပြီး ပုဂ္ဂလိကအဆင့်မြင့်ပညာရေး အဖွဲ့အစည်းအဖြစ် တရားဝင်အသိအမှတ်ပြုခံရသဖြင့် များစွာဂုဏ်ယူ၀မ်းမြောက်ပါသည်။ ပညာရေး၀န်ကြီးဌာန (MoE) ၏ ညွှန်ကြားချက်အရ အတည်ပြုဖွင့်လှစ်ခွင့်ပေးထားသော ပုဂ္ဂလိက အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများအား ခေါ်ဝေါ်သုံးနှုန်းမှုသတ်မှတ်ရာတွင် လိုက်လျောညီထွေမှုရှိစေရန်နှင့် တပြေးညီဖြစ်စေရန်အတွက် ယခင်သုံးစွဲနေသည့် နာမည်များအစား “College” အမည်အဖြစ် ပြောင်းလဲရန် သတ်မှတ်ပြဌာန်းခဲ့ပါသည်။ ၂။ သို့ဖြစ်ပါသောကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ကာ မိမိတို့၏ပညာရေးအဖွဲ့အစည်းကို "GUSTO College" အဖြစ် တရားဝင်အမည်ပြောင်းလဲ သတ်မှတ်သွားမည် ဖြစ်ပါသည်။ ၃။ ဤကဲ့သို့ အမည်ပြောင်းလဲမှုသည် လက်ရှိ ဆောင်ရွက်လျှက်ရှိနေသော ပညာရေးဆိုင်ရာ ၀န်ဆောင်မှုများကို ပြောင်းလဲသွားစေမည်မဟုတ်ဘဲ မိမိတို့ အဖွဲ့အစည်းအနေဖြင့် UK မှ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ယခင်အတိုင်း တူညီသောအရည်အသွေးမြင့် ဘွဲ့ဒီဂရီများနှင့် ဒီပလိုမာများကို ဆက်လက် ပေးအပ်သွားမည် ဖြစ်ပြီး၊ အရည်အသွေးပြည့်၀သော ပညာရေးကို ပံ့ပိုးပေးရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ် ပါသည်။Official Announcement
(1) We are proud to announce that GUSTO University has been officially recognized by the Ministry of Education (MoE) as part of the first group of private institutions authorized to operate as higher education institutions in Myanmar. (2) In accordance with the MoE’s directives, all approved private institutions will adopt the designation “College” to ensure consistency in naming. As a result, effective 1st September 2024, our institution will officially be renamed GUSTO College. (3) This change in name will not affect our current operations. We will continue to offer the same high-quality degrees and diplomas in partnership with our esteemed UK academic collaborators, upholding our commitment to providing exceptional education.