၂၀၁၄ ခုနှစ်မှ စတင်၍ GUSTO University မှ ကျောင်းသားများသာ Pearson(UK) မှ ချီးမြှင့်သည့် Gold Medallion Award ကို ဆွတ်ခူးနိုင်ခဲ့ရခြင်းက GUSTO University ၏ ပညာအရည်အသွေး မြင့်မားမှုအတွက် ထင်သာမြင်သာရှိသော အကောင်းဆုံး သက်သေဖြစ်ပါသည်။

GUSTO University ၏ စစ်မှန်ကောင်းမွန်သော ပညာရေးနှင့် ကျောင်းသူကျောင်းသားများ၏ ထူးချွန်မှုကြောင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးများမှ အသိအမှတ်ပြုလက်ခံသဖြင့် နောက်ဆုံးနှစ်ကို ပြည်တွင်းသာမက UK အပါအဝင် နိုင်ငံတကာတက္ကသိုလ်များသို့ GUSTO University ကျောင်းသားများအနေဖြင့် ပညာသင်ဆုများဖြင့် တက်ရောက် ခွင့်ရခဲ့ကြပါသည်။

GUSTO Success Stories

“GUSTO Success Stories”(GUSTO ကျောင်းသားကျောင်းသူများ၏အောင်မြင်မှုမှတ်တိုင်)GUSTO College မှ နှစ်စဉ်မွေးထုတ်ပေးလျှက်ရှိတဲ့ စွန့်ဦးတီထွင်ကျောင်းသားလူငယ်များအနက် Trifinity Software Solutions & Education ရဲ့ Co-founder ကိုအောင်နိုင်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။ကို​​အောင်​နိုင်​ဦး ကUniversity of Gloucestershire က ပေးအပ်ချီးမြှင့်တဲ့ BSc (Hons) Computing ဘွဲ့ကို GUSTO College မှာတက်ရောက်ရယူခဲ့ပါတယ်။လက်ရှိ လက်တွေ့လုပ်ငန်းခွင်ဘဝမှာ ဦးဆောင်နေပြီဖြစ်တဲ့ ကိုအောင်နိုင်ဦးကတော့ GUSTO ကျောင်းသားကျောင်းသူတွေအတွက် သူ့ရဲ့အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ်။GUSTO Success Stories ကို တင်ဆက်ပေးရတဲ့ ရည်ရွယ်ရင်းကတော့ လက်ရှိနယ်ပယ်အသီးသီးမှာ အောင်မြင်နေကြသူ GUSTO ကျောင်းသားဟောင်းတွေရဲ့ အောင်မြင်မှုမှတ်တိုင်တွေကို တက်ရောက်နေဆဲ GUSTO ကျောင်းလူငယ်တွေအနေနဲ့ အတုယူကြိုးစားစေနိုင်ဖို့ပါ။ဆက်လက်ပြီးလည်း GUSTO College အနေနဲ့ စွန့်ဦးတီထွင်ကျောင်းသားလူငယ်များကိုအနာဂတ်မှာ ကိုယ်ကျင့်တရားကောင်းမွန်စွာနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် အစဉ်ကြိုးစားမွေးထုတ်ပေးလျှက်​ရှိပါတယ်​။#GUSTOCollege #SuccessStories #BSc_Hons_Computing#BA_Hons_InternationalBusinessStudies

Posted by GUSTO University on Monday, August 5, 2019

ကိုအောင်နိုင်ဦး

GUSTO University မှ နှစ်စဉ် မွေးထုတ်ပေးလျှက်ရှိတဲ့ စွန့်ဦးတီထွင် ကျောင်းသားလူငယ်များအနက် Trifinity…

စိုးနဒီဝေ

ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် “စိုးနဒီဝေ”ကတော့ UK အကြီးမားဆုံး ပညာရေးအဖွဲ့အစည်း Pearson က…
GUSTO College Success Stories

ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် "စိုးနဒီဝေ"ကတော့ UK အကြီးမားဆုံးပညာရေးအဖွဲ့အစည်း Pearson က ပေးအပ်ချီးမြှင့်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ BTEC IT and Computing Student of the Year ဆုကို ဆွတ်ခူးရရှိခဲ့သူပါ။GUSTO Final Year ကျောင်းသူ "စိုးနဒီဝေ"က GUSTO College မှာ ရရှိခဲ့တဲ့ သူမရဲ့အတွေ့အကြုံတွေနဲ့ သင်ကြားမှုစနစ်ပုံစံတွေအကြောင်းကို ပြောပြပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူကလည်း GUSTO College ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဖြေကြားပေးခဲ့ပါတယ်။GUSTO College အနေနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာအောင် ကျောင်းသားမိဘတွေနဲ့အတူ လက်တွဲပံ့ပိုးကူညီပေးနိုင်ဖို့ အမြဲတစေကြိုးစားနေတဲ့အတွက် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းချင်တယ်ဆိုရင်တော့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် နိုင်ငံတကာအသိအမှတ်ပြုပညာရေးစနစ်ကို လမ်းဖွင့်ပေးနေပြီး နှစ်စဉ်နှစ်တိုင်း ထူးချွန်သူတွေကို မွေးထုတ်ပေးနေတဲ့ GUSTO College နဲ့ ချိတ်ဆက်လိုက်ပါ။#GUSTOCollege #BTECStudentoftheYear #SuccessStories

Posted by GUSTO University on Wednesday, August 21, 2019

ဒီတစ်ခေါက်မှာတော့ UK အကြီးမားဆုံးပညာရေးအဖွဲ့အစည်း Pearson က ပေးအပ်ချီးမြှင့်တဲ့ Outstanding Learner Award ကို ဆွတ်ခူးရရှိခဲ့တဲ့ "မလိခ" နဲ့ မိတ်ဆက်ပေးပါရစေ။GUSTO ထူးချွန်ကျောင်းသူတစ်ဦးဖြစ်တဲ့ "မလိခ"က GUSTO College ရဲ့ UK အဆင့်မီ student-centered သင်ကြားရေးပုံစံတွေ၊ ပံ့ပိုးမှုတွေ၊ စာသင်ကာလအတွင်း ဆွေးနွေးတိုင်ပင်မှုတွေနဲ့ သူမအတွေ့အကြုံတွေအကြောင်းကို ကိုယ်တိုင်ကိုယ်ကျရှင်းလင်းပြောပြပေးသွားတဲ့အပြင် "မလိခ" ရဲ့ မိခင်​ဖြစ်​သူကလည်း ဝမ်းသာပီတိ ဖြစ်ကြောင်းနဲ့ GUSTO College ကိုရွေးချယ်သင့်ကြောင်း အကြံပြုစကားများကို ပြောပြသွားခဲ့ပါတယ်။ကျောင်းသားမိဘတွေနဲ့အတူ လက်တွဲပြီး ကျောင်းသားကျောင်းသူတွေရဲ့ အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာအောင် ပံ့ပိုးကူညီပေးနိုင်ဖို့က GUSTO College ရဲ့ အဓိကရည်ရွယ်ချက်ပါပဲ။ IT (သို့) Business ကိုလေ့လာသင်ယူပြီး အောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်ချင်တယ်ဆိုရင်တော့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် နိုင်ငံတကာအသိအမှတ်ပြုပညာရေးစနစ်ကို လမ်းဖွင့်ပေးနေပြီး နှစ်စဉ်နှစ်တိုင်း ထူးချွန်သူတွေကို မွေးထုတ်ပေးနေတဲ့ GUSTO College နဲ့ ချိတ်ဆက်လိုက်ပါ။GUSTO College ဖုန်းနံပါတ်​- 09 789 888 222, 09 42 999 1009 လိပ်စာ - ခြံအမှတ် (၂၈၉, အေ)၊ ပြည်လမ်း၊ မြေနီကုန်းတံတားအနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။#GUSTOCollege #OutStandingPearsonLearner #Distinction #SuccessStories

Posted by GUSTO University on Friday, August 16, 2019

မလိခ

ဒီတစ်ခေါက်မှာတော့ UK အကြီးမားဆုံး ပညာရေးအဖွဲ့အစည်း Pearson က ပေးအပ် ချီးမြှင့်တဲ့…

မဟန်သူသူထက်

UK အကြီးမားဆုံး ပညာရေး အဖွဲ့အစည်း Pearson မှ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ တစ်ကမ္ဘာလုံး…
GUSTO College Success Stories

UK အကြီးမားဆုံးပညာရေးအဖွဲ့အစည်း Pearson မှ နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အထူးချွန်ဆုံးကျောင်းသားဆု “BTEC Student of the Year( Bronze Award)"ကို GUSTO ကျောင်းသူ မဟန်သူသူထက်က ဆွတ်ခူးရရှိခဲ့ပါတယ်။ မဟန်သူသူထက်ရဲ့ ဆုရရှိတဲ့အပေါ် ခံစားချက်နဲ့ GUSTO College မှာ သင်ယူခဲ့ရတဲ့အတွေ့အကြုံတွေကိုတော့ ဒီဗီဒီယိုကတစ်ဆင့် ဝေမျှပေးလိုက်ပါတယ်​။ဆက်လက်ပြီးလည်း GUSTO College အနေနဲ့ မြန်မာထူးချွန်ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးဖို့ ကြိုးစားသွားမှာဖြစ်တဲ့အပြင် မြန်မာကျောင်းသားလူငယ်တွေရဲ့ အနာဂတ်တွေတောက်ပစေနိုင်ဖို့ နိုင်ငံတကာအဆင့်မီ UK ပညာရေးစနစ်နဲ့ တစ်ဖက်တစ်လမ်းမှ ကူညီပေးလျက်ရှိပါတယ်။#GUSTOCollege #SuccessStories #BTECStudentoftheYear

Posted by GUSTO University on Wednesday, August 14, 2019