Phyo Thitsar Kyaw
Why we chose GUSTO ?
မင်္ဂလာပါ ညီမနာမည်ကတော့ မဖြိုးသစ္စာကျော်ဖြစ်ပါတယ်။ GUSTO College မှာ Pearson မှ တိုက်ရိုက်ပေးတဲ့ Level 3 International Foundation Diploma အတန်းကို တက်ရောက်နေပါတယ်။ GUSTO မှာ တက်ခဲ့ဖူးတဲ့အစ်ကိုက Recommend လုပ်လို့ လာစုံစမ်းရာက Consultant အစ်မတွေရှင်းပြတာသဘောကျလို့ ရွေးချယ်ခဲ့တာပါ။ GUSTO College မှာ သဘောအကျဆုံးက တော့ ဆရာဆရာမတွေရဲ့ စာသင်ကြားမှုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆရာဆရာမတစ်ယောက်ချင်းစီက ဘာသာရပ်တွေကို နားလည်အောင် ရှင်းပြနိုင်တဲ့အချက်တွေနဲ့ ပြည့်စုံနေလို့ပါ။ စာသင်ခန်းနေရာတွေကလည်း အမြဲသန့်ရှင်းသပ်ရပ်ပြီး တက်ကြွမှုရစေလို့သဘောကျပါတယ်။ GUSTO မှာတက်ရတာ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်ပြီး Network ရရှိမှုကောင်းမွန်စေတယ်။ Affair က အစ်မတွေကလည်း လိုအပ်တာ အမြဲကူညီပေးလို့ ကျောင်းတက်ရတာပျော်ပါတယ်။ အနာဂတ်ရည်မှန်းချက်က Professional ကျတဲ့ စီးပွါးရေးပညာရှင်တစ်ယောက်ဖြစ်ချင်တာပါ။ အဲဒါကြောင့် Level 3 International Foundation Diploma ပြီးရင်တော့ GUSTO College မှာပဲ Modern Business ဘာသာရပ်ကို ဘွဲ့ရတဲ့ထိ ဆက်တက်ဖို့ ဆုံးဖြတ်ထားပါတယ်။