- တိုးတက်ပြောင်းလဲနေသော နည်းပညာခေတ်ကြီးတွင် IT နည်းပညာဘာသာရပ်များကိုစိတ်ဝင်စားပြီး ကိုယ်တိုင်တီထွင်ဖန်တီးလိုသူများအတွက် အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်ဖြစ်သော University of Gloucestershire မှ တိုက်ရိုက်ချီးမြှင့်သည့် BSc(Hons) Computing (UK) ကို GUSTO University ၌ သင်ယူနိုင်ပါသည်။
- ဘွဲ့ရရှိပြီးပါက ပြည်တွင်းပြည်ပ IT ကုမ္ပဏီကြီးများတွင် Programmer, Web Developer, Networking Engineer, Project Manager, Web Designer စသည့် အဆင့်မြင့်ရာထူးများဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်သည်။
- ထို့ပြင် မိမိကိုယ်ပိုင်နည်းပညာလုပ်ငန်း (Startup/ Entrepreneur) အဖြစ် လုပ်ကိုင်လိုသူများအတွက် စာသင်ကာလတွင် Management နှင့်သက်ဆိုင်သော ဘာသာရပ်များ ထည့်သွင်းသင်ကြားရသဖြင့် လုပ်ငန်းအတွက် အဆင်သင့်ဖြစ်စေပါသည်။
- တတ္တသိုလ်ဝင်တန်း / IGCSE အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်ပါသည်။