စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်း အတွက်အထောက်အကူဖြစ်မယ့် GUSTO University ကျောင်းသားကျောင်းသူများ၏ IoT Project Showcase

IoT (Internet of things) ဆိုတာကတော့ စက်ပစ္စည်းတွေကို အင်တာနက်နဲ့ ချိတ်ဆက်ပြီး ဆင်ဆာများမှတစ်ဆင့် အချက်အလက်များကို မျှဝေကာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်အောင် ပံ့ပိုးပေးတဲ့ နည်းပညာပဲဖြစ်ပြီး GUSTO University ရဲ့ BSc (Hons) Computing Programme မှာ IoT ဟာ Module တစ်ခုအနေနဲ့ပါဝင်ပါတယ်။

ဒါ့ကြောင့် IoT project များဟာ ကျောင်းသင်ခန်းစာသက်သက်မဟုတ်ဘဲ Computing ကျောင်းသားကျောင်းသူများအနေနဲ့ မိမိတို့ရဲ့ အိုင်ဒီယာဖန်တီးမှု၊ စည်းလုံးညီညွတ်မှုနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်များကို ပြသနိုင်တဲ့ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။

၅ ကြိမ်မြောက်ရှိပြီဖြစ်တဲ့ ယခု IoT project showcase မှာတော့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအတွက်အထောက်အကူဖြစ်စေမည့် IoT projects တွေဖြစ်တဲ့-

🌱အပင်များ၏ရေဓာတ်ရရှိမှုနှင့် အစိုဓာတ်ရရှိမှုကို တိတိကျကျသိရှိနိုင်မည့်အပြင် အပင်များ၏ အခြားသော ကျန်းမာရေးလိုအပ်ချက်များကို စိုက်ပျိုးသူများမှ အချိန်နှင့်တပြေးညီ ဖြည့်စည်းနိုင်မည့် Smart Plant Caring & Monitoring, Smart Water and Fertilizer Sprinkler, Smart Irrigation System စသည့် project များ

🌱အပင်များနေရောင်ခြည်မလုံလောက်မှု ပြဿနာကို ဖြေရှင်းနိုင်ရန် နေ၏အလင်းရောင်မလိုအပ်ဘဲ ဆင်ဆာများ၊ ဘက်ထရီ၊ မီးသီး များဖြင့် Photosynthesis ကိုဖန်တီးကာ Ardunio IDE နှင့် Blynk mobile application တို့ဖြင့် စနစ်တကျ စီမံခန့်ခွဲသည့် Photosynthesis without Sunlight project နှင့် သစ်သီးဝလံ​နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးသော လုပ်ငန်းများအတွက် ရည်ရွယ်သည့် Photosynthesis with IoT project

🐮 မွေးမြူရေးလုပ်ငန်းများတွင် အဓိကဆုံးရှုံးမှုဖြစ်သည့် တိရစ္ဆာန်များ နာမကျန်းဖြစ်၍ သေကျေပျက်စီးခြင်းကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် လုပ်ငန်းရှင်များသာမက အနီးကပ်ကြည့်ရှုသူများအနေဖြင့် တိရစ္ဆာန်များ၏ နှလုံးခုန်နှုန်းနှင့် သွေးပေါင်ချိန်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည့် Health for Livestock

🥜 မျိုးစေ့များနှင့် ​ကောက်ပဲသီးနှံများကို အမြောက်အများ သိုလှောင်ရသည့် လုပ်ငန်းလုပ်ကိုင်သူများနှင့် တောင်သူများအတွက် အထောက်အကူဖြစ်စေမည့် Smart Graining Storage ကြောင့် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့ သိုလှောင်ထားသော ပစ္စည်းများ၏ စိုထိုင်းဆနှင့် အပူချိန်တို့ကို အချိန်နှင့်တပြေးညီသိရှိကာ အလွယ်တကူ ချိန်ညှိနိုင်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုနည်းကာ အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည့်အပြင်

🐥 ကြက်မွေးမြူရေးလုပ်ငန်းအတွက် အရေးကြီးဆုံးဖြစ်သော ကြက်ခြံ၏အပူချိန်ကို အချိန်နှင့်တပြေးညီထိန်းညှိခြင်းဖြင့် ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်သော ရောဂါများမှ ကာကွယ်နိုင်မည့် Temperature Adjustor

🐣 ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အများဆုံးရင်ဆိုင်ရသည့် ၂၁ ရက်ကျော်ကြာ “ကြက်ဥမှ အကောင်ဖောက်ခြင်း လုပ်ငန်းစဉ်” မှ ကြက်ဥအတွင်းရှိ အကောင်ပေါက်ကလေး မပျက်စီးသွားစေရန်နှင့် အချိန်ကုန်မြန်ဆန်သက်သာပြီး အကျိုးဖြစ်စေနိုင်မည့် Smart Eggs hatching

🐟 ငါးမွေးမြူရေးကန်များတွင် ငါးစာအသုံးပြုမှုပမာဏကို ထိန်းညှိပြီး ငါးအစာကျွေးခြင်းကိုပါ အလွယ်တကူ စီမံခန့်ခွဲနိုင်မည့်အပြင် ငါးမွေးကန်တွင်းရှိ pH level ကိုပါ သိရှိနိုင်သည့် sensor ထည့်သွင်းထားသည့်အတွက်ကြောင့် ငါးများ၏ ကျန်းမာရေးကို အထောက်အကူပြုစေမည့် Smart Aqua နှင့် Smart Feeder

🐔 မွေးမြူရေးခြံများ၏ လုံခြုံရေးအတွက် အဓိကရည်ရွယ်သော Animal Tracking၊ Smart Farming Security အစရှိသည့် IoT project များ ပါဝင်ပြသခဲ့ပါတယ်။

GUSTO University ၏ ကျောင်းသားများအနေဖြင့်လည်း ယခုလို ရည်ရွယ်ချက်ကောင်းမွန်သော IoT project များဖြင့် မြန်မာနိုင်ငံ၏ လိုအပ်နေသော အခန်းကဏ္ဍများတွင် တထောင့်တစ်နေရာမှ ကူညီပေးနိုင်မည့်အပြင် ကျောင်းသားကျောင်းသူများကို စနစ်တကျသင်ကြားလမ်းညွှန်ပေးခဲ့သည့် Academic Team အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားလိုပါသည်။